ကြေညာချက်
လက်ရှိအခြေအနေကြောင့် Time-limited challenge game item နှင့် game chance reward များကို ယာယီ ဖယ်ရှားထားပါ
သည်။ယင်း challenge ကို အသုံးချပြီး မမှန်ကန်သော လုပ်ရပ်များ (fraud) ပြုလုပ်ရန် ကြိုးစားနေသောသူများကို တွေ့ရှိခဲ့ခြင်း
ကြောင့် System လုံခြုံရေးနှင့် ပြုပြင်ထိန်းသိမ်းရန်အတွက် လက်ရှိအချိန်တွင် game points ကိုသာ reward အဖြစ် ပေးအပ်
သွားမည်ဖြစ်ပါသည်။
Game Item များကို ဆုလာဘ်အဖြစ်မပေးတော့ခြင်း
မေးခွန်း (၁) — Sheep Block Service မှာ ဘာတွေ ပြောင်းလဲသွားပါသလဲ။
အဖြေ — Level အောင်မြင်သည့်အခါနှင့် Login ဝင်ရောက်သည့်အခါ Game Item များကို ဆုလာဘ်အဖြစ် ပေးခြင်း မရှိတော့ပါ။
မေးခွန်း (၂) — ဒီပြောင်းလဲမှုကို ဘယ်အချိန်က စတင် အသုံးချပါသလဲ။
အဖြေ — ယခုချက်ချင်း (သိုမဟုတ် ကြေညာထားသော Update ရက်( 29 Jan 2026 မှ စတင်) အသုံးချပါသည်။
မေးခွန်း (၃) — Game Item ဆုလာဘ်များကို အဘယ်ကြောင့် ရပ်ဆိုင်းရပါသလဲ။
အဖြေ — မမှန်ကန်သော အသုံးချမှုများနှင့် မသမာသော လုပ်ရပ်များကို ကာကွယ်ရန်နှင့် User အားလုံးအတွက် တရားမျှတသော Game Experience ရရှိစေရန် ဖြစ်ပါသည်။
မေးခွန်း (၄) — ဆုလာဘ်များကို လုံးဝ မရတော့ဘူးလား။
အဖြေ — မဟုတ်ပါ။ Game Item များ မပေးတော့ပေမယ့် Game Point ကဲ့သို အခြားဆုလာဘ်များကို ဆက်လက် ရရှိနိုင်ပါသည် (ရှိပါက)။
မေးခွန်း (၅) — အရင်တုန်းက ရထားပြီးသား Game Item များကို သက်ရောက်မှုရှိပါသလား။
အဖြေ — မရှိပါ။ ပြောင်းလဲမှုမတိုင်မီ ရထားပြီးသား Game Item များကို ထိခိုက်မှု မရှိပါ။
မေးခွန်း (၆) — ဒီပြောင်းလဲမှုကြောင့် Game ဆော့ရတာမှာ အခက်အခဲရှိလာမလား။
အဖြေ — Game ဆော့ကစားပုံ အခြေခံစနစ်မှာ ပြောင်းလဲမှု မရှိပါ။ ဆုလာဘ်ပေးတဲ့ စနစ်ကိုသာ ပြင်ဆင်ထားခြင်း ဖြစ်ပါသည်။
မေးခွန်း (၇) — ထပ်မံ မေးမြန်းလိုပါက ဘယ်ကို ဆက်သွယ်ရမလဲ။
အဖြေ — Sheep Block Service ၏ တရားဝင် Customer Support Channel များမှတဆင့် ဆက်သွယ် မေးမြန်းနိုင်ပါသည်။
Shep Block နှင့်ပတ်သက်၍ အမေးများသော မေးခွန်းများ
၁။ Sheep Block ဝန်ဆောင်မှုဆိုတာ ဘာလဲ။
Sheep Block ဝန်ဆောင်မှု ဆိုတာ ပေါ်တယ်ကို အခြေခံထားတဲ့ ဝန်ဆောင်မှု တစ်ခုဖြစ်ပြီး ကစားသမားများသည် တူညီသောဘလော့သုံးခုကို တူအောင်စုပြီး ဆော့ကစားရသော ဂိမ်းတစ်မျိုးဖြစ်သည်။
၂။ Sheep Block ဂိမ်းကို ဘယ်နှစ်မျိုး ဆော့ကစားခွင့် ရှိလဲ။
Sheep Block ဂိမ်းကို နှစ်မျိုး ဆော့ကစားခွင့်ရရှိမှာဖြစ်ပါတယ်။
က။တစ်မျိုးကို Level Challenge ( အဆင့် ) ဖြင့်ဆော့ကစားရမှာ ဖြစ်ပါတယ်။အဆင့် ( ၁ ) မှ အဆင့်( ၇ ) အထိရှိပြီး တူညီသော ဘလော့သုံးခုကို တူအောင် စုပြီးဆော့ကစားရမှာ ဖြစ်ပါတယ်။ အသုံးပြုသူသည် ဂိမ်းထဲမှ ထွက်လိုက်သောအခါ ၂၄ နာရီ အတွင်းပြန်ဆော့ကစားလျှင် ထွက်သွားသော အဆင့်နေရာမှ ပြန်လည်ဆော့ကစားရမှာဖြစ်ပြီး ၂၄ နာရီ ကျော်သွားပါက ဂိမ်းကို အဆင့် ( ၁ ) မှ ပြန်လည်ကစားရမည်ဖြစ်သည်။ ရှုံးနိမ့်သွားတဲ့အခါ အဆင့်(၁) မှ ပြန်လည်ကစားရမည် ဖြစ်သည်။
ခ။ကျန်တစ်မျိုးကို Time Challenge ( ပေးထားတဲ့ အချိန်အကန့်အသတ် အတွင်း) တူညီသော ဘလော့သုံးခုကိုစုပြီး ပြီးဆုံးအောင် ဆော့ကစားရမှာဖြစ်ပါတယ်။
၃။ Sheep Block ဝန်ဆောင်မှုကို မည်သို့ စာရင်းသွင်းမလဲ။
က။အသုံးပြုသူတွေအနေနဲ့ မိုဘိုင်းဖုန်းတွေကနေတဆင့် " https://sheepblock.com " လင့်ကို ဝင်ရောက်ပြီး မှတ်ပုံတင်နိုင်ပါသည်။
တစ်ရက်စာပက်ကေ့ချ်အတွက် အသုံးပြုသူတွေအနေနဲ့ တစ်ရက်လျှင် ၁၇၉ ကျပ် ကျသင့်မှာ ဖြစ်သလို တစ်ပတ်စာပက်ကေ့ချ်အတွက် အသုံးပြုသူတွေအနေနဲ့ တစ်ပတ်လျှင် ၇၉၉ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။
ခ။ စာရင်းသွင်းပြီးတဲ့နောက်မှာ အသုံးပြုသူတွေအနေနဲ့ " https://sheepblock.com " ကို ဝင်ပြီး ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။
ဂ။ အပိုထပ်ဆောင်းဝယ်ယူမှု မည်သို့လုပ်ရမည်နည်း။
နေ့စဉ်ဂိမ်းကစားခွင့် အပိုအခွင့်အလမ်း (၂ ကြိမ်) ကို ၁၂၉ ကျပ်ဖြင့် ဝန်ဆောင်မှုဝက်ဘ်ဆိုက်တွင် ဝယ်ယူနိုင်ပါသည်။
၄။နေ့စဥ်ဝင်ရောက်ခြင်းဆု ဆိုတာဘာလဲ။
ဂိမ်းထဲသို့ နေ့စဥ်ဝင်ရောက်သည့်အခါ ရရှိမည့်ဆုဖြစ်သည်။
နေ့များ | ဆုများ |
၁ | ဂိမ်းကစားခွင့် ၁ ကြိမ် |
၂ | စွမ်းအားမြှင့်ပစ္စည်း ၁ စုံ |
၃ | Loyalty Points ၅၀ |
၄ | ကံစမ်းခွင့် ၁ ကြိမ် |
၅ | ဂိမ်းကစားခွင့် ၁ ကြိမ် |
၆ | စွမ်းအားမြှင့်ပစ္စည်း ၁ စုံ |
၇ | ကံစမ်းခွင့် ၁ ကြိမ် + Loyalty Points ၁၀၀ |
၅။ နေ့စဉ်ဝင်ရောက်ခြင်းဆုများကို လွတ်သွားပါက ပြန်လည်ရယူနည်း။
နေ့စဉ်ဝင်ရောက်ခြင်းဆုများကို လွတ်သွားပါက (၁၂၉ ကျပ်) ကို အသုံးပြု၍ လွတ်သွားသောဆုကို ပြန်လည်ရယူနိုင်ပါသည်။ ထို့ကြောင့် ကစားသမားသည် ရှေ့ဆက်တိုးမှုကို ဆုံးရှုံးရမည်မဟုတ်ပါ။
၆။ မိတ်ဆွေဖိတ်ခေါ်မှု အစီစဥ်ရှိပါသလား။
ရှိပါတယ်။ မိတ်ဆွေတစ်ဦးကို ဖိတ်ခေါ်ပြီးသူများ အောင်မြင်စွာ စာရင်းသွင်းပါက မိမိနှင့် ဖိတ်ခေါ်ခံရသူနှစ်ဦးလုံး ကစားခွင့် ၅ကြိမ် ရရှိပါမည်။
၇။ ကံထူးရွင်စေတဲ့ ဆုချီးမြှင့်မှု (Lucky Draw) ဆိုတာဘာလဲ။
ကံထူးရွင်စေတဲ့ ဆုချီးမြှင့်မှုသည် အထူးအကျိုးခံစားခွင့်များ၊ ပွိုင့်များ သို့မဟုတ် ငွေကြေးဆုများ ရရှိရန် အလားအလာရှိသည့် လည်ပတ်ရသော မီနီဂိမ်းတစ်ခုဖြစ်ပါသည်။
၈။ ကံထူးရွင်စေတဲ့ ဆုချီးမြှင့်မှု (Lucky Draw) ကို ဘယ်လိုရနိုင်မလဲ။
သင့်မှာရှိတဲ့ ပွိုင့် ၁၀၀ ကို ကံစမ်းရန် အခွင့်ရေး ၁ ခါအဖြစ် အသွင်ပြောင်းနိုင်ပါတယ်။ အဲဒီအခွင့်အရေးနဲ့ကံစမ်းမဲ ကဒ်တစ်ချပ်ကို လှန်ပြီး ကံစမ်းနိုင်ပါတယ်။
၉။ ကံစမ်းမဲ ကဒ်လှန်လိုက်ရင် ဘာဖြစ်မလဲ။
ကံစမ်းမဲ ကဒ်လှန်ပြီးရင် ရလဒ် ၂ မျိုးထဲက တစ်မျိုးကို ရရှိမှာဖြစ်ပါတယ်
· ဆုရရှိခြင်း - ကံစမ်းမဲကဒ်ထဲမှာ ဆုတစ်ခုပေါ်လာပါက သင့်ရဲ့ ဆုစာရင်းထဲကို ချက်ချင်းရောက်ရှိသွားမှာဖြစ်ပါတယ်။
· ဆုမရခြင်း - ကံစမ်းမဲကဒ်ထဲမှာ 'မြေခွေး' (သို့) 'ဆုမရ' ဆိုတဲ့ပုံပေါ်လာပါက ဒီအကြိမ်မှာတော့ ဆုရရှိမည်မဟုတ်ပါ။
ကံစမ်းမဲ ဆုမဲများကိုတော့ ဝန်ဆောင်မှုလေး တရားဝင်စသည့်အချိန်မှစတင်၍ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
၁၀။ ကံစမ်းမဲကဒ်တွေ ဘယ်အချိန်မှာ ပြန်စကြမလဲ။
သင် ကံစမ်းမဲကဒ်တွေကို ဆက်တိုက် ၃ ကြိမ် လှန်ပြီးတဲ့အခါ ကဒ်တွေအားလုံးဟာ အလိုအလျောက် ပြန်လည်ပိတ်သွားပြီး မွှေထားကာ အသစ်အတိုင်း ပြန်စသွားမှာဖြစ်ပါတယ်။
၁၁။ ကစားခွင့်အကြိမ်ရေ စည်းမျဉ်းများ။
က။ နေ့စဉ်ပတ်ကေ့ချ်စာရင်းသွင်းထားသော အသုံးပြုသူများသည် စာရင်းသွင်းမှုတစ်ခုလျှင် ကစားခွင့် ၂ ကြိမ်စီ ရရှိမည်ဖြစ်ပါသည်။ အပတ်စဉ်ပတ်ကေ့ချ်စာရင်းသွင်းထားသော အသုံးပြုသူများသည် ပထမနေ့တွင် ကစားခွင့် ၅ ကြိမ်နှင့် ကျန်ခြောက်ရက်အတွက် တစ်ရက်လျှင် ၂ ကြိမ်စီ ရရှိမည်ဖြစ်ပြီး၊ စုစုပေါင်း ကစားခွင့် ၁၇ ကြိမ် ရရှိမည်ဖြစ်ပါတယ်။
၁၂။ သုံးစွဲသူသည် Sheep Block ဝန်ဆောင်မှုကို စာရင်းမှ မည်သို့ပယ်ဖျက်ရမည်နည်း။
က။ သုံးစွဲသူသည် မိုဘိုင်းလ်ဖုန်းများပေါ်ရှိ " https://sheepblock.com " မှတစ်ဆင့် ပယ်ဖျက်နိုင်ပါသည်။ ထို့အပြင် ပယ်ဖျက်ရန်အတွက် 618 သို့ OFF ဟု SMS ပို့နိုင်ပါသည်။ USSD ဖြင့် *618# ကို ခေါ်ဆို၍လည်း ပယ်ဖျက်နိုင်ပါတယ်။
၁၃။ လစဉ်ကံထူးရှင်ကို မည်သို့ရွေးချယ်သနည်း။
က။ လတစ်လပြီးဆုံးတိုင်း အမှတ်အများဆုံးရရှိထားသော ထိပ်တန်းကစားသမား ၅ ဦးထဲမှ ကံထူးရှင်တစ်ဦးကို ကျပန်းစနစ်ဖြင့် ရွေးချယ်မည်ဖြစ်ပြီး အမှတ်များကို ဖေဖဝါရီလ ၁ ရက် ၂၀၂၆ မှစတင်တွက်ချက်ပြီး ကံထူးရှင်များကို မတ်လ ၁ ရက်နေ့ ၂၀၂၅ တွင် စတင်ချီးမြှင့်သွားမည်ဖြစ်သည်။
၁၄။ လစဉ်ဆုကား အဘယ်နည်း။
လစဉ်ဆုမှာ
No. | Prizes |
1 | Cash 1,000,000 |
၁၅။ Lucky Draw ဆုများကား အဘယ်နည်း။
Lucky Draw ဆုများမှာ-
No. | Prizes |
1 | Cash 300000 |
2 | 18K Charm |
3 | Cash 50000 |
4 | Top Up 5000 |
5 | Top Up 3000 |
6 | Top Up 1000 |
7 | 2000 loyalty points |
8 | 1000 loyalty points |
9 | 200 loyalty points |
10 | 50 loyalty points |
၁၆။ Reward Rules ဆုများကားအဘယ်နည်း။
Reward Rules ဆုများမှာ-
အဆင့် | ဆုများ |
အဆင့်၁ | ဂိမ်းပွိုင့် ၁၀ ပွိုင့် |
အဆင့်၂ | ဂိမ်းပွိုင့် ၁၅ ပွိုင့် |
အဆင့်၃ | ဂိမ်းပွိုင့် ၂၀ ပွိုင့် + ၂၀ Loyalty points |
အဆင့်၄ | ဂိမ်းပွိုင့် ၂၅ ပွိုင့် + ၃၀ Loyalty Points |
အဆင့်၅ | ဂိမ်းပွိုင့် ၃၅ ပွိုင့် + 5၀ Loyalty Points+စွမ်းအားမြှင့် ပစ္စည်း ၁စုံ |
အဆင့်၆ | ဂိမ်းပွိုင့် ၄၅ ပွိုင့် + ၁၀၀၀ Loyalty Points + စွမ်းအားမြှင့် ပစ္စည်း ၂စုံ |
အဆင့်၇ | ဂိမ်းပွိုင့် ၅၀ ပွိုင့် + ၂၀၀၀ Loyalty Points + စွမ်းအားမြှင့် ပစ္စည်း ၃စုံ |
၁၇။ ဆုများကို မည်သို့ပေးပို့မည်နည်း။
ဒီဂျစ်တယ်ဆုများကို ရုံးဖွင့်ချိန် နှစ်ရက်အတွင်း ပေးပို့မည်ဖြစ်ပြီး၊ ရုပ်ဝတ္ထုဆုများကို ရုံးဖွင့်ချိန် ခုနှစ်ရက်အတွင်း ပေးပို့မည်ဖြစ်ပါသည်။ လစဉ်ဆု – ငွေကျပ် ၁,၀၀၀,၀၀၀ ကို ဘဏ်အကောင့် (သာမန်အကောင့် သို့မဟုတ် အထူးအကောင့်) မှတစ်ဆင့် လွှဲပြောင်းပေးမည်ဖြစ်ပါသည်။
၁၈။ အကူအညီဘယ်လိုရယူနိုင်ပါသလဲ။
က။ အကူအညီများ ရယူလိုပါက "၉၆၆" သို့ဆက်သွယ်ပြီး အကူအညီ ရယူနိုင်ပါသည်။